ဆင်းရဲခြင်းကို
ရိုးသားမှုနဲ့ ၀ယ်လို့ရတယ်။
ချမ်းသာခြင်းကို
ကောက်ကျစ်စဉ်းလဲခြင်းနဲ့ ၀ယ်လို့ရတယ်။
သေဆုံးခြင်းကို
တန်ဘိုးရှိတဲ့ သုံညနဲ့လည်း ၀ယ်လို့ရတယ်။
ပြီးတော့ တန်ဘိုးမရှိတဲ့ သုံညနဲ့လည်း ၀ယ်လို့ရတယ်။
ဒါပေမယ့်
လမင်းကို
မျက်ရည်တွေ၊ သောကတွေနဲ့
ခေတ်အဆက်ဆက် ကတည်းက
ဝယ်ခဲ့ရတာပေါ့။
(လှိုင်းထက်)

0 comments:

Post a Comment

Blog Widget by LinkWithin